ရှင်ပေတရု/ဩဝါဒစာ ပထမစောင်
ရှင်ပေတရု/၏ နှုတ်ခွန်းဆက်/စကား
1
ကျွန်ုပ်/သည် ယေရှု/ခရစ်တော်/၏ တမန်တော်/ပေတရု/ဖြစ်၏။ပုန္တုပြည်၊ ဂလာတိပြည်၊ ကပ္ပဒေါကိပြည်၊ အာရှပြည်၊ ဗိသုနိပြည်/တို့/တွင် ကွဲလွင့်/ပျံ့နှံ့/လျက် ဧည့်သည်များ/အဖြစ် နေထိုင်ကြသည့် ဘုရားသခင်/ရွေးချယ်တော်မူသော လူများ/ထံသို့ ကျွန်ုပ်/စာရေးလိုက်၏။ 2 ထို/သူတို့/မှာ ခမည်းတော်/ဘုရားသခင်/၏ ကြိုတင်/သိမြင်သော/ဉာဏ်တော်/အရ ဝိညာဉ်တော်/၏ သန့်ရှင်းစေခြင်း/အားဖြင့် ရွေးချယ်တော်မူခြင်း/ခံထားရသူများ/ဖြစ်ကြ၏။ ဤသို့/ရွေးချယ်တော်မူခြင်း/မှာ ယေရှု/ခရစ်တော်/ကို သင်တို့/နာခံ/စေရန်/နှင့် သင်တို့/ကို အသွေးတော်/ဖြင့် ပက်ဖျန်း/၍ စင်ကြယ်/စေရန်/ဖြစ်၏။
ဘုရားသခင်/၏ ကျေးဇူးတော်/နှင့် ငြိမ်းချမ်းခြင်း/ကို သင်တို့/ကြွယ်ဝ/စွာ ခံစားရပါစေသော။
ခိုင်မြဲသော/မျှော်လင့်ခြင်း
3 ကျွန်ုပ်တို့ သခင်/ယေရှု/ခရစ်တော်/၏/ခမည်းတော်/ဘုရားသခင်/ကို ချီးမွမ်းကြလော့။ ဘုရားသခင်/သည် မိမိ/၏/ကြီးမြတ်သော/ကရုဏာတော်/ကြောင့် သခင်/ယေရှု/ခရစ်တော်/ကို သေခြင်း/မှ ရှင်ပြန်/ထမြောက်စေတော်မူခြင်း/အားဖြင့် ကျွန်ုပ်တို့/ကို အသစ်/တစ်ဖန်/မွေးဖွား/စေပြီး ခိုင်မြဲသော/မျှော်လင့်ချက်/ရှိစေတော်မူ၏။ 4 ထို့ပြင် မပျက်စီး၊ မညစ်ညမ်း၊ မပျောက်ကွယ်နိုင်သော အမွေ/ကိုလည်း ရရှိစေတော်မူ၏။ ဤ/အမွေ/ကို သင်တို့/အတွက် ကောင်းကင်ဘုံ/၌ ထိန်းသိမ်းထား၏။ 5 သင်တို့/သည် ဘုရားသခင်/ကို ယုံကြည်/သောကြောင့် နောက်ဆုံးသော/ကာလ/၌ ပေါ်လွင်ထင်ရှား/ရန် အသင့်/ရှိသော ကယ်တင်ခြင်း/ကို ရရှိခံစား/နိုင်မည့်/အချိန်/တိုင်အောင် ဘုရားသခင်/သည် မိမိ/၏/တန်ခိုးတော်/ဖြင့် သင်တို့/ကို ကာကွယ်/စောင့်ရှောက်တော်မူ၏။ 6 ယခု/တွင်မူ သင်တို့/သည် ဆင်းရဲဒုက္ခ/အမျိုးမျိုး/ကြောင့် ခေတ္တ/ခဏ/မျှ ဝမ်းနည်းကြ/ရ/သော်လည်း အထက်ပါ/အကြောင်းအရာ/ကြောင့် ဝမ်းမြောက်ကြ၏။ 7 ဤ/ဆင်းရဲဒုက္ခ/အမျိုးမျိုး/ကို ခံရခြင်း/သည် သင်တို့/၏ စစ်မှန်သည့် ယုံကြည်ခြင်း/ကို ဖော်ပြ/ရန်/ဖြစ်၏။ ပျက်စီးနိုင်သည့်/ရွှေ/ကို/ပင်လျှင် မီး/ဖြင့် သန့်စင်/၍/စစ်ဆေးရ၏။ စစ်မှန်သည့်/ယုံကြည်ခြင်း/သည် ထို/ရွှေ/ထက် အဖိုးတန်၏။ သို့ဖြစ်၍ သင်တို့/၏ ယုံကြည်ခြင်း/စစ်မှန်/လျှင် ယေရှု/ခရစ်တော် ကြွလာသော/အချိန်/တွင် သင်တို့/သည် ချီးမွမ်းခံရ/လျက် ဘုန်းအသရေ/နှင့် ဂုဏ်အသရေ/ကို ရရှိကြ/လိမ့်မည်။
8 သင်တို့/သည် ကိုယ်တော်/ကို မမြင်ဖူး/သော်လည်း ချစ်ကြ၏။ ယခု ကိုယ်တော်/ကို မတွေ့ရသေး/သော်လည်း ယုံကြည်ကြ၏။ သင်တို့/တွင် ဘုန်းအသရေ/နှင့်/ပြည့်စုံသည့် ပြောမပြ/နိုင်လောက်သော ဝမ်းမြောက်ခြင်း/ရှိ၏။ 9 အဘယ်ကြောင့်ဆိုသော် သင်တို့/သည် ကိုယ်တော်/ကို ယုံကြည်/၍ ရရှိသော/အကျိုး/ဖြစ်သည့် စိတ်ဝိညာဉ်/ကယ်တင်ခြင်း/ကို ရရှိကြ/သောကြောင့်/ဖြစ်၏။
10 သင်တို့/ခံစားရမည့်/ကျေးဇူးတော်/အကြောင်း/ကို ဟောပြောသော/ပရောဖက်တို့/သည် ဤ/ကယ်တင်ခြင်း/နှင့်/ပတ်သက်/၍ ဂရုတစိုက်/ရှာဖွေ/စူးစမ်းခဲ့ကြ၏။ 11 ထို/ပရောဖက်တို့/ထဲ၌ ရှိသော ခရစ်တော်/၏/ဝိညာဉ်/သည် ခရစ်တော်/၏ ဆင်းရဲဒုက္ခများ/အကြောင်း/ကို/လည်းကောင်း၊ ထို/ဆင်းရဲဒုက္ခ/ခံရ/ပြီးနောက် စံစားရမည့်/ဘုန်းအသရေ/အကြောင်း/ကို/လည်းကောင်း ကြိုတင်/သက်သေခံ/သောအခါ မည်သည့်/အချိန်/နှင့် မည်သည့်/အခြေအနေ/၌/ဖြစ်ပျက်မည်/ကို ရည်ညွှန်းကြောင်း ထို/ပရောဖက်တို့/က စူးစမ်းခဲ့ကြ၏။ 12 သူတို့/စူးစမ်းသော/အရာများ/သည် သူတို့/ကိုယ်တိုင်/အတွက်/မဟုတ်ဘဲ သင်တို့/အတွက်/ဖြစ်ကြောင်း သူတို့/အား ဘုရားသခင်/ဖော်ပြတော်မူ၏။ သင်တို့/အား သတင်းကောင်း/ကို ဟောပြောသော/သူတို့/သည် ကောင်းကင်ဘုံ/မှ စေလွှတ်တော်မူခြင်း/ခံရသည့် သန့်ရှင်းသော/ဝိညာဉ်တော်/၏/တန်ခိုး/ဖြင့် ဤ/အရာများ/ကို ပြောကြ၏။ ကောင်းကင်တမန်များ/ပင်လျှင် ဤ/အရာများ/ကို သိရှိ/နားလည်/လိုကြ၏။
သခင်ဘုရား/ကဲ့သို့ သန့်ရှင်းခြင်း
13 ထို့ကြောင့် သင်တို့/၏ စိတ်နှလုံး/ကို အသင့်ပြင်/၍ တည်ကြည်/စေကြလော့။ ယေရှု/ခရစ်တော် ပြန်လည်/ကြွလာ/သောအခါ သင်တို့/ခံစားရမည့် ကျေးဇူးတော်/ကို အပြည့်အဝ/မျှော်လင့်ကြလော့။ 14 သင်တို့/သည် ဘုရားသခင်/ကို နာခံသော/သားသမီးများ/ဖြစ်/သောကြောင့် သင်တို့/မသိ/နားမလည်ခဲ့/စဉ်/အချိန်/က လိုက်ခဲ့သော တပ်မက်မှု/နောက်သို့ မလိုက်ကြနှင့်။ 15 သင်တို့/ကို ခေါ်တော်မူသော/အရှင်/သည် သန့်ရှင်းတော်မူသည်/နည်းတူ သင်တို့/သည်လည်း အရာရာ/ကို ကျင့်ကြံ/ပြုမူရာ/၌ သန့်ရှင်းကြလော့။ 16 အဘယ်ကြောင့်ဆိုသော် ကျမ်းစာ/၌ “ငါသည် သန့်ရှင်းသည်/ဖြစ်၍ သင်တို့/သည်လည်း သန့်ရှင်းကြလော့”a ဟု ရေးထား/သောကြောင့်/ဖြစ်၏။
17 လူ/တစ်ဦးစီ/၏ အပြုအမူ/အပေါ် အခြေခံ/၍ သမာသမတ်ကျ/စွာ တရားစီရင်တော်မူသော ဘုရားသခင်/ထံ သင်တို့/ဆုတောင်း/သောအခါ အဖ/ဟု ခေါ်/သောကြောင့် ဤ/လောက/၌ ဧည့်သည်/အဖြစ် နေထိုင်ရသော/နေ့ရက်များ/တွင် ထို/အရှင်/ကို ကြောက်ရွံ့/ရိုသေကြလော့။ 18 ဘိုးဘေးများ/ထံမှ ဆက်ခံ/ရရှိသော အချည်းနှီး/ပြုမူနေထိုင်ခြင်း/ထဲမှ သင်တို့/ကို ဘုရားသခင်/ရွေးနုတ်တော်မူကြောင်း သင်တို့/သိကြ၏။ ထိုသို့/ရွေးနုတ်တော်မူ/ရာတွင် ရွှေ၊ ငွေ/ကဲ့သို့ ပျက်စီးတတ်သည့်/အရာများ/ဖြင့် ရွေးနုတ်တော်မူသည်/မဟုတ်။ 19 အပြစ်/အနာဆာ/နှင့် အစွန်းအထင်း/ကင်းသည့် သိုးသငယ်/ကဲ့သို့သော ခရစ်တော်/၏ အဖိုးတန်/သည့် အသွေးတော်/ဖြင့် ရွေးနုတ်တော်မူ၏။ 20 ခရစ်တော်/သည် ဤ/ကမ္ဘာ/မတည်ရှိ/မီ/ကပင် ခန့်ထားတော်မူခြင်း/ခံရ/သော်လည်း ဤ/နောက်ဆုံးသော/ကာလ/တွင် သင်တို့/အတွက် ပေါ်ထွန်းတော်မူ၏။ 21 ကိုယ်တော်/ကို သေခြင်း/မှ ထမြောက်စေ/၍ ဘုန်းအသရေ/ကို ပေးတော်မူသော ဘုရားသခင်/ကို သင်တို့/သည် ခရစ်တော်/အားဖြင့်/ယုံကြည်ကြ၏။ ထို့ကြောင့် သင်တို့/သည် ဘုရားသခင်/ကို ယုံကြည်/၍ မျှော်လင့်ကြ၏။
22 သင်တို့/သည် သမ္မာတရား/ကို နာခံခြင်း/ဖြင့် မိမိ/ကိုယ်/မိမိ သန့်ရှင်း/စင်ကြယ်စေပြီ/ဖြစ်/၍ သင်တို့/၏/ညီအစ်ကို/မောင်နှမများ/ကို စိတ်ရင်း/အမှန်/ဖြင့် ချစ်နိုင်ကြ၏။ ဖြူစင်သော/စိတ်နှလုံး/ဖြင့် အချင်းချင်း/အကြွင်းမဲ့/ချစ်ကြလော့။ 23 သင်တို့/သည် ပျက်စီးတတ်သော/မျိုးစေ့/အားဖြင့်/မဟုတ်ဘဲ မပျက်စီးနိုင်သော/မျိုးစေ့/ဖြစ်သည့် အသက်ရှင်/၍ ထာဝရ/တည်မြဲသော ဘုရားသခင်/၏/နှုတ်ကပတ်တော်/အားဖြင့် အသစ်/တစ်ဖန်/မွေးဖွားလာကြ၏။ 24 ထို့ကြောင့် ကျမ်းစာ/၌
“လူ/အပေါင်းတို့/သည် မြက်ပင်/ကဲ့သို့/ဖြစ်/၍
သူတို့/၏/ဂုဏ်အသရေ/သည်လည်း မြက်ပွင့်/ကဲ့သို့ ဖြစ်၏။
မြက်ပင်/သည် ညှိုးနွမ်းခြောက်သွေ့/၍ အပွင့်/သည်လည်း ကြွေတတ်၏။
25 သို့သော် ထာဝရဘုရား/၏/နှုတ်ကပတ်တော်/သည် အစဉ်အမြဲ/တည်၏”b
ဟု ဆိုထား၏။ ဤ/နှုတ်ကပတ်တော်/မှာ သင်တို့/အား/ဟောပြောသော သတင်းကောင်း/ဖြစ်၏။